အင်ဒိုနီးရှားနိုင်ငံ ဘောလုံးပြိုင်ပွဲကွင်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၃၁ ဦးရှိလာ

 

ဂျကာတာ အောက်တိုဘာ ၆

 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ ပြီးခဲ့သည့်သီတင်းပတ်က ဘောလုံးပြိုင်ပွဲယှဉ်ပြိုင် ကစားပြီးနောက် ကွင်းအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုမှ သေဆုံးသူ စုစုပေါင်း ၁၃၁ ဦး အထိ ရှိလာကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အောက်တိုဘာ ၅ ရက်တွင် အတည်ပြုပြောသည်။

 

အစောပိုင်းတွင် ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်ရပ်အတွင်း သေဆုံးသူ အရေအတွက်မှာ အောက်တိုဘာ ၄ ရက်အထိ ၁၂၅ ဦးရှိကြောင်း ပြောကြားထားသည်။ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုမှာ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က အင်ဒိုနီးရှား လိဂ်ပြိုင်ပွဲတစ်ခု၌ အရီမာ မာလန်းအသင်းက ပါဆီဘာရာ ဆာရာဘာရာ အသင်းကို ရှုံးနိမ့်ပြီးနောက် မာလန်းမြို့ရှိ ကန်ဂျာရူဟန်ကွင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အဆိုးရွားဆုံး ကွင်းအတွင်း ရုန်းရင်းဆန်ခတ်မှု တစ်ခုဖြစ်သည့် အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အောက်တို ဘာ ၅ ရက်တွင် မာလန်းမြို့သို့ သွားရောက်ခဲ့သည်။

 

အင်ဒိုနီးရှားအစိုးရက ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုမှ ဖြစ်ရပ်အမှန်ကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် လွတ်လပ်သော အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

 

ဆင်ဟွာ