ဇန်နဝါရီ ၃

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမာလူကူပြည်နယ် Seram Bagian Barat ရေပြင်တွင်  ခရီးသည်ဦးရေ ၃၀ တင်ဆောင်လာသော စပိဘုတ်တစ်စီး ယနေ့တွင်နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးနောက် ရှစ်ဦးသေဆုံးခဲ့ကြောင်း ထိုပြည်နယ်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံး အကြီးအကဲ မူဟာမက်အာရာဖတ်က ပြောကြားသည်။

အဆိုပါစပိဘုတ်သည် ယနေ့မနက် ၁၀ နာရီခန့်အချိန်တွင် ရေပြင်တွင် ပေါလောမျောပါလာသော သစ်သားအပိုင်းအစနှင့် တိုက်မိသွားရာမှ စပိဘုတ်ကိုယ်ထည် ပျက်စီးသွားခြင်း ဖြစ်သည်ဟု အာရာဖတ်ကဆိုသည်။

ထိုစပိဘုတ်သည် ကမ်းရိုးတန်း ဆိပ်ကမ်းမှထွက်ခွာလာပြီးမကြာမီ ယင်းသို့မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စေတနာ့ဝန်ထမ်းများ၊ ဒေသန္တရကျန်းမာရေးဌာနမှလှေများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသန္တရရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှဝန်ထမ်းများပါဝင်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။ ဆက်သွယ်ရေးအဆင်မပြေဖြစ်မှုကြောင့် ကယ်ဆယ်ရေးသမားများအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ကြောင်း အာရာဖတ်ကထပ်လောင်းပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို