၂၄ စက်တင်ဘာ


အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ်တွင် လောလောလတ်လတ် ဆူပူအုံကြွမှုဖြစ်ပွားရာ စစ်သားတစ်ဦး အပါအဝင်၂၀ ဦးထက်မနည်း သေဆုံးပြီး ၆၀ ဦး ဒဏ်ရာရရှိကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ဆိုသည်။


ဝါမီနာမြို့တွင် အစိုးရရုံးများနှင့် ဈေးဆိုင်များကို ဆန္ဒပြသူများက မီးရှို့ဖျက်ဆီးခဲ့ကြသည်။


ထိုမီးလောင်ကျွမ်းနေသော အဆောက်အအုံများထဲတွင် လူအများအပြား ပိတ်မိနေကြသည်။


လူမှုမီဒီယာပေါ်ရှိ ကောလာဟလ သတင်းများအရ ထိုမငြိမ်သက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ပြည်နယ်မှ မဟုတ်သော ဒေသန္တရ ကျောင်းဆရာ တစ်ဦးက ဒေသခံ ပါပူအန် ကျောင်းသားတစ်ဦးကို "monkey" ဟု ခေါ်ဝေါ်ခဲ့သည့်အတွက် ထိုဆူပူမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။


အရှေ့ဂျာဗားတွင် အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားပြီးနောက် ယမန်နေ့က ယင်းသို့ဆူပူမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။


လုံခြုံရေး တပ်ဖွဲ့များနှင့် အရပ်သားများ ပဋိပက္ခဖြစ်ပွားခဲ့ရာ လူအများအပြား သေဆုံးခဲ့သည်။


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို