အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး မြေအောက်ရထားလမ်း ဆောက်လုပ်ပြီးစီးသည့် အထိမ်းအမှတ်ပွဲ ကျင်းပ

၂၅ မတ်

အဆိုပါ ရထားလမ်းသည် ဂျကာတာမြို့၏ အလယ်ပိုင်းကိုဖြတ်ပြီး မြောက်ဘက်ပိုင်းနှင့်  တောင်ဘက်ပိုင်း ၁၆ကီလိုမီတာရှိသည့်  အကွာအဝေးကို ဆက်သွယ်ထားခြင်းဖြစ်သည်။  ကမ္ဘာပေါ်တွင်  လမ်းပိတ်ဆို့မှု အဆိုးရွားဆုံး နေရာတစ်ခုဖြစ်သည့်  ဂျကာတာတွင်  အဆိုပါ ရထားလမ်းက လမ်းပိတ်ဆို့မှုများကို ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု  မျှော့်လင်ရသည်။

 

1

 

မြေအောက်ရထားလမ်း တည်ဆောက်မှု ပြီးဆုံးခဲ့ခြင်းသည်  အင်ဒိုနီးရှားနိုင်ငံအတွက် ယဉ်ကျေးမှုအသစ် စတင်သည့် အထိမ်းအမှတ်ဖြစ်ကြောင်း  အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

2

 

အဆိုပါ ခေတ်မီ မြေအောက်ရထားလမ်းကို ဂျပန်ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုနှင့် အင်ဒိုနီးရှား ကုမ္ပဏီတစ်ခုတို့က ပူးတွဲတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရထားလမ်း တည်ဆောက်ရေးအတွက် ဂျပန်အစိုးရသည် အမေရိကန်ဒေါ်လာ ၁.၁ဘီလီယံရှိသည့် ယန်းချေးငွေများကို ထုတ်ချေးခဲ့ခြင်းဖြစ်သည်။ 

ရထားပြေးဆွဲရေးနှင့် ဘေးကင်းလုံခြုံရေး လုပ်ငန်းစဉ်တွေမှာလည်း ဂျပန်နိုင်ငံက အကြံဉာဏ်များ ပေးလျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်