အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးသော မြေအောက်ရထားစနစ်ကို ယခုလနှောင်းပိုင်းတွင် စတင်ပြေးဆွဲရန် နီးကပ် လာပြီဖြစ်သည်။ ဂျကာတာမြို့တော်၏ နာမည်ဆိုးဖြင့်ကျော်ကြားသည့် ယဉ်ကြောပိတ်ဆို့မှုကို သက်သာစေမည် ဟု လူအများစုက မျှော်မှန်းသည့် မြေအောက်ရထား စမ်းသပ်ပြေးဆွဲမှုကိုစီးနင်းရန် ပြည်သူများ အခွင့်အရေး ရရှိလာခဲ့ပြီဖြစ်သည်။
အရှည် ၁၆ကီလိုမီတာရှိသော မြေအောက်ရထားလမ်းက ဂျကာတာမြို့တော်ရှိ ဘူတာ ၁၃ ခုကို ဆက်သွယ်ပေးသည်။ အင်ဒိုနီးရှား တာဝန်ရှိသူများက အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ ချေးငွေများအပါအဝင် ဂျပန် နိုင်ငံ၏အကူအညီဖြင့် အဆိုပါ မြေအောက်ရထားကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အင်္ဂါနေ့က အဆိုပါ မြေအောက်ရထား စမ်းသပ်မောင်းနှင်မှုတွင် လူပေါင်း ၄၀ဝ၀ စီးနင်းခဲ့သည်။
ဂျကာတာမြို့တော်မှာ ကမ္ဘာပေါ်တွင် အဆုံးရွားဆုံး ယာဉ်ကြောပိတ်ဆို့မှု ကြုံတွေ့နေရသည့်မြို့တော်ဖြစ်သည်။ မြေအောက်ရထား ပြေးဆွဲခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာလျော့နည်းသွားပြီး ခရီးသွားချိန်များ တို တောင်းသွားရန် တာဝန်ရှိသူများက မျှော်လင့်လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်