ဂျကာတာ ဩဂုတ် ၂၆

 

အင်ဒိုနီးရှားနိုင်ငံ (မြောက်ပိုင်း) မာလူကူပြည်နယ်၌ ယနေ့တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဖြစ်ပွားရာ ၁၉ ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ဖြစ်စဉ်အတွင်း သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများအား  စက်ယန္တရားများ၏ အကူအညီဖြင့် အရှိန်မြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

 

ယခုဖြစ်ပွားသည့် သဘာဝဘေးများအတွင်း အခြေခံအဆောက်အအုံများနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိအချိန်တွင် ဒေသန္တရတာဝန်ရှိသူများက  သီတင်းနှစ်ပတ်ကြာ သဘာဝဘေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေညာထားသည်။

 

အခင်းဖြစ်ရာဒေသသို့  ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများ အချိန်မီပြီးစီးရေး  အတွက် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေး အေဂျင်စီအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရှူဟာရန်တိုက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲသည်။ လက်ရှိအချိန်တွင် သဘာဝဘေးသင့် ဒေသခံများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များအပါအဝင် ကူညီကယ်ဆယ်ရေးပစ္စည်းများကို အေဂျင်စီကပေးအပ်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ