ဖေဖော်ဝါရီ ၁၁
အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ကာလီမန်တန်ပြည်နယ်တွင် ခရီးသည် ၅၁ ဦးကိုတင်ဆောင်လာသော စပိဘုတ်တိမ်းမှောက်မှုကြောင့် လေးဦးသေဆုံးပြီး အခြားသုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ယနေ့တွင် ပြောကြားသည်။
အဆိုပါ Iksa Express စပိဘုတ်သည် ဘူလန်ဂန်ကမ်းလွန်ပင်လယ်ပြင်ကိုဖြတ်သန်းသွားစဉ် လှိုင်းကြီးရိုက်ခတ်ခံရပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံး၏အကြီးအကဲ ဒီးဒီဟာရီအာနာကဆိုသည်။
ထိုမတော်တဆမှုကြောင့် လေးဦးသေဆုံး၊ အခြားသုံးဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၎င်းကပြောသည်။ ကယ်ဆယ်ရေးသမားများက ၄၄ ဦးကိုဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးကာ ဒေသန္တရလူမှုဖူလုံရေးရုံးသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူလေးဦး၏အလောင်းကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒအေဂျင်စီက ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် ပင်လယ်ရေကြောင်းခရီးတွင် လှိုင်းကြီးပြီး လေပြင်းများတိုက်ခတ်နိုင်သဖြင့် ခရီးသွားများအား သတိထားသွားလာကြရန် သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို