ဂျကာတာ။ ဇန်နဝါရီ ၃၀
အင်ဒိုနီးရှားနိုင်ငံ၌ ယခုနှစ်ဒုတိယနှစ်ဝက်မှ စတင်ကာ အသက်ခြောက်နှစ်အောက် ကလေးငယ်များကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေး မှု စတင်တော့မည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်တွင် ပြောသည်။ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးရမည့် အသက် ခြောက်နှစ်အောက် ကလေးများစာရင်းနှင့် ကာကွယ်ဆေး မည်မျှ လိုအပ်သည်ကို စာရင်းပြုစုထားပြီးဖြစ်ကြောင်း၊ အဆိုပါ အချက်အလက်များကို အခြေခံကာ ယခုနှစ် ဒုတိယ နှစ်ဝက်ကာလတွင် ကာကွယ်ဆေးထိုးနှံမှုကို စတင်နိုင်ပြီဟု ခန့်မှန်းထားကြောင်း အင်ဒို နီးရှားကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ စီတီနာဒီရာ တာမီဇီက ဂျာကာတွင် သတင်းထောက်များကို ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ၌ အသက်အပိုင်းအခြားအလိုက် အသက်ခြောက်နှစ်မှ ၁၁နှစ်အတွင်း ကလေးများ၊ အသက် ၁၂နှစ်မှ ၁၇နှစ်ကလေး များ၊ အသက် ၁၈ နှစ် အထက်များစသည်ဖြင့် အုပ်စုခွဲကာ ကာကွယ်ဆေးထိုးနှံပေးမှုများ လုပ်ဆောင်ပေးလျက်ရှိသည်။ ဇန်နဝါရီ ၂၇ ရက်အထိ တိုင်းပြည်အတွင်း ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၂၀၄ သန်းရှိပြီး နှစ် ကြိမ် ကာကွယ်ဆေးထိုးပြီးသူဦးရေမှာ ၁၇၅ သန်းရှိသည်။
တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူ အရေအတွက်မှာ ၆၉ သန်းရှိသည်ဟု ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ သက်ကြီးရွယ်အိုနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင် လုပ်ကိုင်နေကြသည့် လူပေါင်း ၁ ဒသမ ၂ သန်း ဝန်းကျင်ကို စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးပေးထား ကြောင်း သိရသည်။
ဆင်ဟွာ