နိုဝင်ဘာ ၂
အင်ဒိုနီးရှားနိုင်ငံတွင် စက်တင်ဘာလအတွင်း နိုင်ငံခြားသားခရီးသွား ၅၄၀၀၀၀ နီးပါးဝင်ရောက်ခဲ့ကြောင်း စာရင်းအင်းရုံးမှ နိုဝင်ဘာလ ၁ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါခရီးသွားဝင်ရောက်မှုသည် ယမန်နှစ် အလားတူကာလ ခရီးသွားဦးရေ ၅၀၀၀နှင့်နှိုင်းယှဉ်ပါက ခရီးသွားဦးရေ ပိုမိုများပြားခဲ့သည်ဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုအရေအတွက်သည် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ၂ ဒသမ ၂၇ သန်းအထိ ရောက်ရှိလာကြောင်း သတင်းဖော်ပြထားသည်။
နိုင်ငံအတွင်း စက်တင်ဘာလအတွင်း ခရီးသွားဦးရေဝင်ရောက်မှုသည် ဩဂုတ်လနှင့်နှိုင်းယှဉ်ပါက ၅ ဒသမ ၅ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွားဦးရေ ၃ ဒသမ ၆ သန်းဝင်ရောက်မည်ဟု ခန့်မှန်းထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို