ဇူလိုင် ၇
အင်ဒိုနီးရှားနိုင်ငံ လမ်ပန်ပြည်နယ်တွင် ဇူလိုင်လ ၅ ရက်နေ့မွန်းလွဲပိုင်းက ဓါတ်လှေကားမတော်တဆမှုဖြစ်ပွားခဲ့သဖြင့် ဆောက်လုပ်ရေးအလုပ်သမား ခုနစ်ဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း အာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။
အဆိုပါမတော်တဆမှုသည် လမ်ပန်ပြည်နယ်မြို့တော် ဘန်ဒါလမ်ပန်ရှိ ကိုယ်ပိုင်စာသင်ကျောင်းတစ်ကျောင်းတွင် ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားအာဏာပိုင်များက ထိုဓါတ်လှေကားမတော်တဆမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုဆက်လက်လုပ်ဆောင်လျက် ရှိသည်။
အလုပ်သမားကိုးဦးသည်ကုန်စည်တင်ပို့သည့်ဓါတ်လှေကားပေါ်သို့တက်ခဲ့ရာ ဓါတ်လှေကားသည် ထိုအဆောက်အဦ၏ ငါးထပ်မြောက်မှ အောက်သို့ အရှိန်ပြင်းစွာကျသွားခဲ့သည်ဟု သိရသည်။
ထိုဓါတ်လှေကားသည် ဝန်ပိုတင်ဆောင်ခြင်းကြောင့် အောက်သို့ထိုးကျခြင်းဖြစ်သည်ဟုယူဆကြောင်းနှင့် ဒဏ်ရာရသူ အားလုံးကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို