ဂျကာတာ ဒီဇင်ဘာ ၇
အင်ဒိုနီးရှားနိုင်ငံတွင် ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ခရီးသွားဧည့်သည် များကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ခရီးသွားလုပ်ငန်း ရန်ပုံငွေတစ်ရပ် ထူထောင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့်စီးပွားရေး တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီး ဆန်ဒီရာဂါယူနိုက ပြောကြားသည်။
၂၀၂၄ ခုနှစ် နှစ်စပိုင်းတွင် စတင်တည်ထောင်မည့် ၎င်းရန်ပုံငွေ၏ ကနဦးမတည်ငွေအဖြစ် အင်ဒိုနီးရှား ရူပီးယား နှစ်ထရီလီယံကို သုံးစွဲမည်ဖြစ်ပြီး ၎င်းရန်ပုံငွေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကမ္ဘာ့ဈေးကွက်တွင် အင်ဒိုနီးရှား ခရီးသွားလုပ်ငန်း၏ အမှတ်တံဆိပ်ကို ထိုးဖောက်ရေးဆောင်ရွက်မည်ဟု သိရသည်။
ထို့ပြင် နိုင်ငံအတွင်း အားကစားပြိုင်ပွဲများ၊ ဂီတပွဲများနှင့် အနုပညာဆိုင်ရာပြပွဲများကို ကျင်းပကာ ခရီးသွားလုပ်ငန်းကို မြှင့်တင်မည်ဖြစ်သည်။
ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာ့ရေဆိုင်ရာထိပ်သီးညီလာခံနှင့် ဆိုက်ကယ် မောင်းပြိုင်ပွဲများကို ကျင်းပပြီး အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ရေး ဆောင်ရွက်မည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း နိုင်ငံတကာခရီးသည် ၉ ဒသမ ၄၉ သန်း ဝင်ရောက်ခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ