ရန်ကုန်    ၄  ဒီဇင်ဘာ

 

အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက် တို့တွင် အင်ဒိုနီးရှားနိုင်ငံ  ဘာလီမြို့၌ ကျင်းပမည့် (၁၂)ကြိမ်မြောက် ဘာလီ ဒီမိုကရေစီဖိုရမ် (12th Barli Democracy Forum (BDF) ၏ ဆက်စပ်ဆွေးနွေးပွဲ ဖြစ်သည့် Bali Civil Society and Media Forum(BCSMF) သို့ တက်ရောက်ရန် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဌ ဉီးအုန်းကြိုင် (ဟံသာဝတီဉီးအုန်းကြိုင်)နှင့် အတွင်းရေးမှူး ဉီးကျော်စွာမင်းတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားသည်။

 

"Democracy and Inclusivity" နှင့် "Rising Exclusivity and Declining Democracy ဆောင်ပုဒ်ဖြင့် ကျင်းပသော ထိုဖိုရမ်သို့ အာရှပစိဖိတ်ဒေသတွင်းရှိ နိုင်ငံပေါင်း ၇၈ နိုင်ငံမှ အကြီးအကဲများ၊ သတင်းမီဒီယာ ကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက် ကြမည် ဖြစ်သည်။

 

(ဒီမင်း)