အင်ဒိုနီးရှားနိုင်ငံ၌ လေယာဉ်ငယ်ပျက်ကျမှုကြောင့် သုံးဦးသေဆုံး

မေ ၂၀

အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်ဂျာကာတာအနီး တန်ဂါရန်မြို့တွင် ယမန်နေ့က လူသုံးဦးလိုက်ပါလာသော လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ ယင်းလေယာဉ်ပေါ်ပါသူအားလုံးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးသမား တစ်ဦးက ပြောကြားသည်။ အဆိုပါ PK-IFP လေယာဉ်သည် ပျက်ကျမှုမဖြစ်ပွားမီ  ၁၃ နာရီ ၄၃ မိနစ်က အဆက်အသွယ်ပြတ်တောက်သွားသည်ဟု ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံးအဖွဲ့၏ပြန်ကြားရေးအရာရှိက ဆိုသည်။ ထိုလေယာဉ်သည် ဘန်တန်ပြည်နယ် Tanjung Lesung ကမ်းရိုးတန်းဒေသမှ ပျံသန်းထွက်ခွာလာပြီး တန်ဂါရန်မြို့ရှိ Pondok Cabe လေဆိပ်သို့ဉီးတည်ပျံသန်းလာခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။ လေယာဉ်မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း လေယာဉ်ပျက်ကျမှုဖြစ်ပွားချိန်က ရာသီဉတုအခြေအနေဆိုးရွားခဲ့သည်ဟု ထိုအရာရှိက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို