နိုဝင်ဘာ ၁၄
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း လမ်ပန်ပြည်နယ်တွင် သုံးမီတာအမြင့်ရှိသောတောင်စောင်းပေါ်ရှိ၎င်းတို့၏ နေအိမ်များပေါ်သို့မြေပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လူသုံးဦးသေဆုံးခဲ့သည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ( ဘီအင်န်ပီဘီ )က ယနေ့တွင် ပြောကြားသည်။
ထိုမြေပြိုမှုဖြစ်ပွားရာဒေသတွင် နိုဝင်ဘာ ၁၂ ရက်မနက်ပိုင်းမှညနေပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက်ပိုင်း မြေပြိုမှုများဖြစ်ပေါ်လာသည်ဟု ထိုအေဂျင်စီ၏ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
မြေသားပျော့ခြင်းနှင့်မြေသားမာကျောမှုမရှိခြင်းတို့ကြောင့် မြေပြိုမှုများဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဆူမားတြားတောင်ပိုင်းဒေသအများစုတွင် နိုဝင်ဘာ ၁၅ ရက်နေ့အထိတိုင် ဆက်လက်၍မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးလေဝသ၊ရာသီဉတုနှင့်ဘူမိရူပဗေဒဆိုင်ရာအေဂျင်စီက ကြိုတင်ခန့်မှန်းထားသည်။
တောင်စောင်းများတွင်နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ယာယီရွှေ့ပြောင်းနေထိုင်ကြရန်နှင့် မြစ်ကြောင်းများနှင့် ဝေးရာတွင် နေထိုင်ကြရန် ဘီအင်န်ပီဘီအဖွဲ့က အကြံပြုထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို