မတ် ၈

အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းရှိ အစွန်အဖျားကျသောကျွန်းတစ်ကျွန်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် ရာသီဉတုဆိုးရွားမှုနှင့် ဆက်သွယ်ရေးလိုင်းများပျက်စီးမှုတို့ကြောင့် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့သည်ဟု သိရသည်။

အဆိုပါမြေပြိုမှုသည် တောင်တရုတ်ပင်လယ်ပြင်ရှိ နာတူနာအာချီပီလာဂိုဒေသ၊ စီရာစန်ကျွန်းတွင် မတ်လ ၆ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအေဂျင်စီက ပြောကြားသည်။

ထိုမြေပြိုမှုကြောင့် ရွှံ့နှင့်အပျက်အစီးများအောက်တွင် နေအိမ်အများအပြားပိမိနေခဲ့သည်ဟု ထိုအေဂျင်စီကဆိုသည်။

ယင်းမြေပြိုမှုတွင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိကာ ၄၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ထားသည်။ ထိုဒေသရှိလူပေါင်း ၁၂၀၀ ကျော်သည် ဘေးလွတ်ရာသို့ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်ဟု သိရသည်။

 ထိုဒေသအနီးဝန်းကျင်တွင် နှစ်စဉ်မုတ်သုံရာသီ၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်မှစတင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် အိမ်နီးချင်းမလေးရှားနိုင်ငံတွင် ရေဘေးသင့်သူ သောင်းဂဏန်းရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို