ဇွန် ၂၀
အင်ဒိုနီးရှားနိုင်ငံ၏ အေနက်ကရာကာတော့မီးတောင်သည် ဇွန်လ ၁၉ ရက်က ပေါက်ကွဲခဲ့ပြီး ပြာမှုန်များ အမြင့် ၁.၅ ကီလိုမီတာအထိ လွင့်စင်သွားခဲ့ကြောင်း မီးတောင်နှင့် ဘူမိဗေဒဆိုင်ရာ အန္တရာယ်လျော့ပါးရေးဗဟိုဌာနမှ ပြောကြားခဲ့သည်။
အဆိုပါပြာမှုန်တန်းကြီးသည် အဖြူရောင်မှ မီးခိုးရောင်ဖြစ်ပေါ်နေပြီး အရှေ့တောင်ဘက်သို့ ရွေ့လျားနေကြောင်း မီးတောင်စောင့်ကြည့်ရေးတာဝန်ရှိသူ ဂျူမိုနိုက ပြောကြားခဲ့သည်။
ထိုမီးတောင်သည် ဂျာဗားနှင့် ဆူမာတြားကျွန်းများကြားတွင်တည်ရှိပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှစတင်ကာ လက်ရှိအချိန်အထိ မီးတောင်အန္တရာယ် တတိယအဆင့်ရှိသည်ဟု သိရသည်။
၎င်းမီးတောင်သည် ဒေသစံတော်ချိန် မနက် ၈ နာရီ ၂၂ မိနစ်တွင်မြည်ဟည်းခြင်းမရှိပဲ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ယင်းမီးတောင်သည်ဇွန်လ ၆ ရက်မှ ၁၁ ရက်အထိ ပေါက်ကွဲမှုကိုးကြိမ်ဖြစ်ပွားခဲ့ပြီး မီးတောင်ပြာမှုန်များ ကီလိုမီတာ ၃ ဒသမ ၅ အမြင့်သို့လွင့်စင်ခဲ့သည်။
ထိုမီးတောင်ပေါက်ကွဲမှုအန္တရာယ်ကိုရှောင်ရှားရန် ဒေသခံများအနေဖြင့် မီးတာင်ဝ၏ အချင်းဝက် ၅ ကီလိုမီတာအကွာအတွင်း လှုပ်ရှားသွားလာမှုမပြုကြရန် အကြံပြုထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို