ဖေဖော်ဝါရီ ၉
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ပါပူအာပြည်နယ်တွင် ပြင်းအား ၅ ဒသမ ၄ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးများပျက်စီးပြီး လူလေးဦးသေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်အေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်များ၊စားသောက်ဆိုင်တစ်ဆိုင်နှင့် အဆောက်အဦးများပျက်စီးခဲ့သည်ဟု ထိုပြည်နယ်သဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီ၏မန်နေဂျာဖြစ်သူက သတင်းထောက်များအား ပြောကြားသည်။ ငလျင်လှုပ်ခတ်နေစဉ်အတွင်း လူ လေးဦးသေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။
ထိုငလျင်သည် ယင်းပြည်နယ် ဂျာရာပူရာမြို့၏အနောက်တောင်ဘက် တစ်ကီလိုမီတာအကွာ၊ အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြုကာ ဒေသစံတော်ချိန် ၁၃ နာရီ ၂၈ မိနစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆူနာမီဖြစ်လာနိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။
၎င်းငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ငယ်များဆက်တိုက်လှုပ်ခတ်ခဲ့သည်ဟု ထိုအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို