မတ် ၁၄
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း မြောက်ဆူလာဝေစီပြည်နယ်တွင် ယနေ့မနက်အစောပိုင်းက ပြင်းအား ၆ ဒသမ ၂ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း နိုင်ငံ၏မိုးလေဝသ၊ ရာသီဉတုနှင့် ဘူမိရူပဗေဒအေဂျင်စီက ပြောကြားသည်။ ငလျင်ဗဟိုချက်သည် အရှေ့ Bolaang Mongondow ဒေသ၏အရှေ့တောင်ဘက် ၁၂၈ ကီလိုမီတာအကွာတွင်ရှိပြီး ပင်လယ်ကြမ်းပြင်အောက် အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည်ဟု ထိုအေဂျင်စီကဆိုသည်။ ထိုငလျင်သည် ယနေ့ ဂျာကာတာစံတော်ချိန် မနက် ၁ နာရီ ၅၆ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်းမရှိဟု သိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်သဘာဝဘေးအန္တရာယ်ကြောတွင်ရှိသဖြင့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို