ဇူလိုင် ၄

အင်ဒိုနီးရှားနိုင်ငံ Bekasi မြို့တွင် ယမန်နေ့မနက်ပိုင်းက ပရိဘောဂသိုလှောင်ရုံမီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက်  ကလေးသုံးဦးအပါအဝင် မိသားစုဝင်ငါးဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။

အဆိုပါမီးလောင်မှုသည် Jatiasih နေရာရှိ ပရိဘောဂသိုလှောင်ရုံအတွင်း ဒေသစံတော်ချိန် မနက် ၆ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းဖော်ပြထားသည်။

ထိုမီးလောင်မှုကို ငြှိမ်းသတ်ရန်မီးသတ်ကား ၁၂ ထက်မနည်း စေလွှတ်ထားကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသည့် အဓိကအကြောင်းရင်းသည် ဓါတ်အားပြတ်တောက်မှုကြောင့်ဖြစ်နိုင်ဖွယ်ရှိကြောင်း မီးသတ်အကြီးအကဲတစ်ဦးက ပြောကြားသည်။ မီးလောင်မှုကြောင့်  ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၁၀၀၀ ဝန်းကျင် ရှိသည်ဟု သိရသည်။

၎င်းမီးလောင်မှုကြောင့် သေဆုံးသူအားလုံးသည် မီးလောင်မှုဖြစ်ပွားနေစဉ်အတွင်း သိုလှောင်ရုံရှိ ရေချိုးခန်းတစ်ခုတွင် ပိတ်မိနေခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း ရဲမှူးဆူရိုတိုက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို