ဇန်နဝါရီ ၅

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်တွင် ရထားနှစ်စင်း မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားရာ သုံးဦးသေဆုံးပြီး အခြားဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါရထားနှစ်စင်းတိုက်မှုကြောင့် ရထားမောင်းသူတစ်ဦး၊ ၎င်း၏လက်ထောက်နှင့် အလုပ်သမားတစ်ဦးတို့သေဆုံးကြောင်း  ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ အရှေ့ဂျာဗားပြည်နယ် မြို့တော် ဆူရာဘာရာမှ ထွက်ခွာလာသော Turangga ရထားသည် Cicalengka ဘူတာရုံမှ Padalarang သို့ ဦးတည်သော Bandung ရထားတို့ တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ ဒဏ်ရာရရှိသူ ဆယ်ဦးထက်မနည်းရှိကြောင်းနှင့် ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းကထပ်လောင်းပြောသည်။ Bandung ရထားပေါ်ပါ ခရီးသည် ၁၀၆ ဦးခန့်နှင့် Turangga ရထားပေါ်ပါ ၅၄ ဦးတို့ကိုကယ်ဆယ်နိုင်ခဲ့သည်ဟု ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအေဂျင်စီအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို