ဇူလိုင် ၂၄
အင်ဒိုနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း ဆူလာဝေစီပြည်နယ်တွင် ယနေ့မနက်အစောပိုင်းက သင်္ဘောတစ်စင်းနစ်မြုပ်ခဲ့သဖြင့် ၁၅ ဦး သေဆုံးပြီး အခြား ၁၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါမတော်တဆမှုသည် မာဝါဆန်ကာပင်လယ်ကွေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံး အကြီးအကဲ ယူဆက်လတ်တိဖ်က ဆိုသည်။
ထိုသင်္ဘောပေါ်တွင် လူပေါင်း ၄၀ လိုက်ပါလာကြောင်း ၎င်းကပြောကြားသည်။
ထိခိုက်သေဆုံးသူများအား မိသားစုဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများသည် ဆေးကုသမှုခံယူလျက်ရှိသည်ဟု ၎င်း၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို