ဇွန် ၂၆
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ဂါရတ်ဒေသတွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လျော့ပါးရေးအေဂျင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဟာဒီရတ်မတ်က ယနေ့တွင် ပြောကြားသည်။
ဆီစီဝုခရိုင်ခွဲ ဂီရိမာ့တီကျေးရွာတွင် ဇွန် ၂၅ ရက်ဒေသစံတော်ချိန် ည ၆ နာရီ ၃၀ မိနစ်က နေအိမ်တစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ သေဆုံးသူလေးဦး၏ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထောက်များကို ထိုသူက ပြောကြားသည်။
အချိန်ကြာမြင့်စွာမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို