ဂျကာတာ နိုဝင်ဘာ ၂၂
အင်ဒိုနီးရှားနိုင်ငံရှိ ပြည်နယ်ငါးခုတွင် မျောက်ကျောက်ရောဂါကူးစက်ပျံ့နှံ့နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။ ယခုလက်ရှိ ရောဂါအတည်ပြုကူးစက်ခံရသူ ၅၁ ဦးရှိသည့်အနက် ၃၀ မှာ ပြန်လည်ကျန်းမာလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အများပြည်သူ ဝန်ဆောင်မှုနှင့်ဆက်သွယ်ရေးဌာန အကြီးအကဲ ဆီတာနာဒီယာတီမီဇီက မှတ်ချက်ပြုပြောကြားသည်။ မြို့တော်ဂျကာတာတွင် ရောဂါကူးစက်မှုအများဆုံးဦးရေအဖြစ် ၃၈ ဦး ကူးစက်ခံရသည့်အနက် ၂၃ ဦး ပြန်လည်ကျန်းမာလာခဲ့သည်။
အခြားဒေသတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူများမှာ အနောက်ဂျာဗားတွင် ခြောက်ဦး၊ ဗန်တန်တွင် ငါးဦး၊ ရိုင်ယူတွင် တစ်ဦးနှင့် အရှေ့ဂျာဗားတွင် တစ်ဦးတို့ဖြစ်သည်။ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူများအနက် အချို့တွင် အိတ်ချ်အိုင်ဗွီနှင့် ဆစ်ဖလစ်ရောဂါပိုးများကူးစက်ခံရသည်ကို တွေ့ရှိရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ