ဂျကာတာ     ဇန်နဝါရီ    ၂

အင်ဒိုနီးရှားနိုင်ငံသို့ ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ၁၀ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်က အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၁၁၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အင်ဒိုနီးရှား စာရင်းအင်းဌာနက ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

နိုဝင်ဘာလတစ်လတည်းတွင်   နိုင်ငံခြားခရီးသွား   ဝင်ရောက်မှု ၉၁၇၄၁၀ ရှိခဲ့ပြီး ယမန်နှစ်ကထက်   ၃၀ ဒသမ ၁၇ ရာခိုင်နှုန်း မြင့်တက် လာကြောင်း အင်ဒိုနီးရှားစာရင်းအင်းဌာန  ခေတ္တအကြီးအကဲ ဖြစ်သူ အမ်လီယာအဒင်နိုင်ဂျာဝီဒီယာဆန်တီက  သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ သို့သော်လည်း အဆိုပါအရေအတွက်သည် အောက်တိုဘာလက  ဝင်ရောက်မှုနှင့်  နှိုင်းယှဉ်လျှင်  ၆ ဒသမ ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြားခရီးသွားများအနက် မလေးရှား နိုင်ငံက ၁၅ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး    ၎င်းနောက်တွင်   စင်ကာပူနိုင်ငံက ၁၂ ဒသမ ၈၆ ရာခိုင်နှုန်းနှင့်   ဩစတြေးလျနိုင်ငံက  ၁၂ ဒသမ ၇၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း ဝီဒီယာဆန်တီက ပြောသည်။          

ဆင်ဟွာ