ဖေဖော်ဝါရီ ၁၀
အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်က နိုင်ငံခြားခရီးသွား ၁၃ ဒသမ ၉ သန်း ဝင်ရောက်မှုရှိရာ ၂၀၂၃ ခုနှစ်က ခရီးသွား ၁၁ ဒသမ ၆၈ သန်း လာရောက်လည်ပတ်မှုမှ ခရီးသွားဝင်ရောက်မှု သိသိသာသာပိုမိုများပြားလာကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်က သတင်းထုတ်ပြန်ထားသည်။
သမ္မတပရာဘိုဝို၏ပထမရက် ၁၀၀ အတွင်း ထိရောက်သောမူဝါဒများအကောင်အထည်ဖော်ဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ အောင်မြင်မှုရရှိခြင်းဖြစ်သည်ဟု ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးကယူဆသည်။
နိုင်ငံရေးတည်ငြိမ်မှုနှင့်လူမှုရေးအခြေအနေများ၊ မတူကွဲပြားသောသဘာဝအခြေခံခရီးသွားလုပ်ငန်းဝန်ဆောင်မှုများနှင့်အတူ အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတကာခရီးသွားများအတွက် ဘေးကင်းပြီးဆွဲဆောင်မှုရှိသော အပန်းဖြေနေရာတစ်ခု ဖြစ်လာသည်။
၂၀၂၄ ခုနှစ်တွင် မလေးရှားနိုင်ငံမှခရီးသွားများ ဝင်ရောက်မှုအများဆုံးဖြစ်ပြီး ၎င်းပြီလျှင် ဩစတြေးလျ၊ စင်ကာပူ၊ တရုတ်နှင့် တီမောလက်စတီနိုင်ငံတို့မှခရီးသွားများလာရောက်လည်ပတ်မှုများပြားကြောင်း စာရင်းအင်းအချက်အလက်ဖော်ပြချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို