အောက်တိုဘာ ၂
အင်ဒိုနီးရှားနိုင်ငံသို့ ဩဂုတ်လအတွင်း ခရီးသွားဝင်ရောက်မှုပေါင်း ၁ ဒသမ ၃၄ သန်းရှိရာ ယမန်နှစ် အလားတူကာလကခရီးသွားဝင်ရောက်မှုထက် ၁၈ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်ဟု နောက်ဆုံးထုတ်ပြန်သောစာရင်းတွင် ဖော်ပြထားသည်။
အဆိုပါကာလအတွင်း ခရီးသွားလာရောက်မှုအများဆုံးနိုင်ငံများမှာ ဩစတြေးလျနှင့် တရုတ်ပြည်မကြီးတို့ဖြစ်သည်။ ယခုနှစ် မတ်လက ခရီးသွားဝင်ရောက်မှုကျဆင်းခဲ့ပြီးနောက် ဧပြီလမှစတင်ကာ ခရီးသွားဝင်ရောက်မှုအရေအတွက် ပိုမိုများပြားလာကြောင်း ခရီးသွားအေဂျင်စီအကြီးအကဲက ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လအထိ နိုင်ငံခြားခရီးသွားဝင်ရောက်မှုအရေအတွက်များပြားလာခြင်းသည် ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင် အမြင့်မားဆုံးဖြစ်သည်။
ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအတွင်း နိုင်ငံခြားခရီးသွား ကိုးသန်းကျော်ဝင်ရောက်မှုရှိရာ ၂၀၂၃ ခုနှစ် အလားတူကာလအတွင်း ခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၂၀ ဒသမ ၃၈ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်ဟု သိရသည်။ ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၁၇ သန်း ဝင်ရောက်မည်ဟု မျှော်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို