ဇွန် ၅
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် သဲတူးဖော်ရေးလုပ်သားတစ်ဦးသေဆုံးခဲ့ပြီး အခြားသုံးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။
အဆိုပါထိခိုက်ဒဏ်ရာရသေဆုံးသူများသည် လူမာဂျန်ဒေသ ပရိုနိုဂျိုဝိုကျေးရွာရှိ မြစ်ကမ်းနံဘေး ချောက်ကမ်းပါးအနီးတွင် သဲတူးဖော်ရေးလုပ်ဆောင်နေသူများဖြစ်သည်ဟု သိရသည်။
မြေပြိုမှုတွင်အလုပ်သမားတစ်ဦးသေဆုံးနေသည်ကို အနက် မီတာ ၂၀တွင် ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးသမားများက အုတ်အကျိုးအပဲ့များအောက်ပိတ်မိနေသောအလုပ်သမားသုံးဦးကို စက်ကြီးများဖြင့် တူးဆွ ရှာဖွေနေဆဲဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို