ဂျကာတာ   ၂၈  ဧပြီ

အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ နှိမ်နင်းရေးအတွက် ကြိုးပမ်းနေသည့်အချိန်တွင် အစ္စလာမ် ပွဲတော်ကာလအတွင်း နေရပ်ပြန်ကြမည့် လူထောင်ပေါင်းများစွာကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ က တားမြစ်ခဲ့ရကြောင်း သိရသည်။

မြို့တော်ဂျကာတာ အပါအဝင် အခြားသောခရိုင်များမှ မော်တော် ယာဉ်ပေါင်း ၅၀၀၀ ဖြင့် တင်ဆောင်လာသော လူများကို ရဲများက ကြားဖြတ်ဟန့်တားခဲ့ရပြီး မူလထွက်လာရာ မြို့များသို့ ပြန်သွားရန် စေလွှတ်ခဲ့ရသည်ဟု အင်ဒိုနီးရှား အမျိုးသား ယာဉ်ထိန်းရဲအဖွဲ့မှ အကြီးအကဲက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ရာမာဒန်ကာလအတွင်း နေရပ်သို့ အစုလိုက် အပြုံလိုက် ပြန်ခြင်းများရှောင်ရှားကြရန် ၎င်းက ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို အခြားဒေသများသို့ မဖြန့်ကြရန် ခရီးသွားများကို တောင်းဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ နေရပ်ပြန်မည့်သူများအား တားမြစ်ခြင်းကို ဒုတိယမြောက်နေ့အဖြစ် ပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံတွင် လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ခရီးသွားလာခြင်းများကို ပိတ်ပင်ထားသည်။

ယင်းသို့တားမြစ်မှုများ ပြုလုပ် နိုင်ရေး ရဲတပ်ဖွဲ့ဝင်နှင့် အင်ဒိုတပ်ဖွဲ့ဝင် ၁၇၀ ကို စေလွှတ်ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံတွင် လူသန်း ၂၀ ခန့်သည် ပွဲတော်ကာလအတွင်း နေရပ်ပြန်လေ့ရှိကြသည်။ ဧပြီ ၂၆ ရက်တွင် ကိုဗစ်၁၉ ကြောင့် လူ ၇၄၃ ဦးအထိ သေဆုံးခဲ့ရပြီး ၈၈၈၂ ဦး ကူးစက်ခံထား ရသည်ဟု အင်ဒိုနီးရှား ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။

ဆင်ဟွာ