ဖေဖော်ဝါရီ ၃

အင်ဒိုနီးရှားနိုင်ငံသို့၂၀၂၅ ခုနှစ်တွင် တရုတ်ခရီးသွားများ ၁ ဒသမ ၃၄ သန်းအထိ ရောက်ရှိခဲ့ရာ လွန်ခဲ့သော ခြောက်နှစ်အတွင်း ခရီးသွားရောက်ရှိမှုအမြင့်ဆုံးအဆင့်ဖြစ်ကြောင်း အင်ဒိုနီးရှားစာရင်းအင်းဌာန (BPS) က ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါတရုတ်ခရီးသွားများသည် ၂၀၂၄ ခုနှစ်တွင် ၁ ဒသမ ၁၉ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် သုည ဒသမ ၇၉ သန်းရောက်ရှိခဲ့ကာ  ခရီးသွားလာမှု ဆက်လက်ပြန်လည်ကောင်းမွန်လာမှုကို ညွှန်ပြနေသည်ဟု သိရသည်။

၂၀၂၅ ခုနှစ်တွင် တရုတ်ခရီးသွားများရောက်ရှိမှုသည် မလေးရှား၊ သြစတြေးလျနှင့် စင်ကာပူနိုင်ငံတို့ပြီးနောက် နိုင်ငံတကာခရီးသွားများရောက်ရှိမှု၏ စတုတ္ထအများဆုံးဖြစ်ပြီး ၈ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

ဘာလီနှင့် ဂျာကာတာတို့သည် ခရီးသွားများသွားလာသည့် အဓိကနေရာများဖြစ်ပြီး မြောက်ဆူမာတြား၊ ဘာတမ်နှင့် ဆူရာဘာယာတွင်လည်း ခရီးသွားရောက်ရှိမှုများပြားကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို