၂၃  မေ

 

အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ ဆန္ဒပြမှုများဖြစ် ပွားခဲ့ရာ လူပေါင်း ၆ဦး သေဆုံးခဲ့သည်။ အတိုက်အခံကိုယ်စားလှယ်လောင်း ပရာဘိုဝိုက မဲလိမ်သည်ဟုဆိုကာ သမ္မတ ဂျိုကိုဝီဒို၏အောင်ပွဲကို ပယ်ချခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

တန္

 


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၏ အပြင်ဘက်တွင် ပရာဘိုဝိုကို ထောက်ခံသူများက ရွေးကောက်ပွဲရလဒ် ကို ဆန္ဒပြရန်အတွက် စုဝေးခဲ့ကြသည်။ အဆိုပါ ဆန္ဒပြမှုများက အင်္ဂါနေ့ညတွင် အကြမ်းဖက်မှုအဖြစ် ပြောင်းလဲ သွားခဲ့သည်။

 

ရဲတပ်ဖွဲ့ အိပ်ဆောင်များနှင့် ကားများကို မီးရှို့ခံခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ အဖြစ်အပျက်နှင့်ပတ်သက်ပြီး လူပေါင်း ၂၆၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားသည်။

 

ဂျကာတာမြို့လယ်ခေါင်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးနှင့် ရာဘာကျည်ဆံများ အသုံးပြု ဖြိုခွင်းခဲ့သည်။

 

အစိုးရအဆောက်အဦများကို စောင့်ရှောက်ရန်အတွက် ရဲနှင့် စစ်ဘက်တပ်ဖွဲ့ဝင် ၃၀ဝ၀ဝ ကျော်ကို ဖြန့်ကြက် လျက်ရှိသည်။

 

တန္

 

သမ္မတ ဂျိုကိုဝီဒိုသည် ဆန္ဒမဲရလဒ် ၅၅ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က  အင်္ဂါနေ့တွင် တရားဝင် ကြေညာခဲ့သည်။

 

ပရာဘိုဝိုက မဲရလဒ် ၄၄ရာခိုင်နှုန်းရရှိခဲ့ပြီး  တရားရုံးတွင် ရွေးကောက်ပွဲရလဒ်များကို ကန့်ကွက်ရန် စီစဉ်ထား သည်ဟု ဆိုသည်။ ပရာဘိုဝိုသည် လွန်ခဲ့သည့် ငါးနှစ်က ဂျိုကိုဝီဒိုကို ရှုံးနိမ့်ချိန်တွင် ယင်းသို့ ပြောကြားခဲ့ဖူး သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်