အင်ဒိုနီးရှားတွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့်  ၆၃  ဦးသေဆုံး၊ အများအပြား ပျောက်ဆုံးလျက်ရှိ

ဂျကာတာ   ၁၈  မတ်   

 

အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့ဘက်အကျဆုံး ပါပူရာပြည်နယ်တွင် မတ် ၁၆ ရက ညပိုင်းက ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် ၆၃  ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု  ဒေသခံဘေးအန္တရာယ်ဆိုင်ရာ   လှုပ်ရှားမှုအဖွဲ့  တာဝန်ရှ သူတစ်ဦးက ယနေ့ပြောကြားသည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျရာပူရာခရိုင်အတွင်းရှိ ရွာအချို့တွင် သဘာဝဘေးအန္တရာယ်များ  စတင်ခံစားခဲ့ရသည်။  လူ  ၂၁  ဦးမှာ  ဒဏ်ရာ ပြင်းထန်စွာရခဲ့ပြီး ၁၈ ဦးမှာ အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲရေးအဖွဲ့ အရေးပေါ်ဌာနမှ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုရီဆင်ဘိုလွန်က ဆင်ဟွာသို့ ပြောကြားသည်။

 

ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်က ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် လူအများအပြား ပျောက်ဆုံးနေသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ ရေကြီးရေလျှံမှုကြောင့် လူနေအိမ်များ၊ အဆောက်အအုံများ၊ တံတားများ နှင့် အခြားအခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရာ  လူ ၃၀ဝ၀ ကျော်တို့မှာ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ပြီး အန္တရာယ်ကင်းသည့် နေရာများတွင် ခိုလှုံခဲ့ကြသည်။

 

ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုတန်ဖိုးကို ဘေးအန္တရာယ်ဆိုင်ရာ  တာဝန်ရှိသူများက တွက်ချက်နေသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲရေးအေဂျင်စီမှ   ပြောရေး ဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဆူတိုပိုပါဝိုနူဂရိုဟိုက  ပျောက်ဆုံးနေသူ ဒါဇင်ပေါင်း များစွာကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အပြင်းအထန်လုပ်ဆောင်နေသည်ဟု ပြောကြားသည်။

 

ဆင်ဟွာ