၁၀ ဧပြီ
ဂျော်ဂျီယာနိုင်ငံဟာ ဝိုင်ထုတ်လုပ်ရာတွင် လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ဝ၀ ကျော်ကနည်းကို အသုံးပြုနေသေးတဲ့အတွက် သိပ်ပြီးဂုဏ်ယူနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အခုတော့ အဲဒီနိုင်ငံဟာ အင်္ဂါဂြိုလ်ပေါ်မှာ စပျစ်သီးစိုက်ချင်တဲ့ ပထမဦးဆုံး နိုင်ငံဖြစ်လာပါတယ်။

ဂျော်ဂျီယာနိုင်ငံဟာ ပင်လယ်နက်နဲ့ ကော်ကေးဆပ်တောင်တန်းကြီးတွေကြားမှာ ရှိပြီး ရာသီဥတုဟာ စပျစ်ခြံအတွက် အထူးသင့်တော်တဲ့အခြေအနေမှာရှိပါတယ်။ ဝိုင်လုပ်ငန်းသာမက အဲဒီစပျစ်ခြံတွေကို လာရောက်လည်ပတ်တဲ့ ခရီးသွားလုပ်ငန်းကလည်း အောင်မြင်နေတာကို တွေ့ရပါတယ်။

အင်္ဂါဂြိုလ်ပေါ်မှာ စပျစ်ခြံလုပ်ဖို့ စီမံကိန်းရှင်တစ်ဦးဖြစ်တဲ့ နီကိုလို က “ဂျော်ဂျီလူမျိုးတွေက ကမ္ဘာမြေပေါ်မှာ ပထမဦးဆုံး ဝိုင်ထုတ်လုပ်သူတွေဖြစ်တယ်။ အခုလည်း ကမ္ဘာမြေရဲ့ အိမ်နီးချင်း အင်္ဂါဂြိုလ်ပေါ်မှာ စပျစ်စိုက်ပျိုးသူအဖြစ် စွန့်ဦးတီထွင်ဖို့ မျှော်လင့်နေကြောင်း” ပြောပါတယ်။
IX Millennium လို့ အမည်ပေးထားတဲ့ စီမံကိန်း ရဲ့ စင်္ကြဝဋာဇီဝပညာရှင် မာရီကာ က အင်္ဂါဂြိုလ်မြေသားကို မြေသြဇာရှိတဲ့ ကမ္ဘာမြေသားအဖြစ် ပြောင်းလဲနိုင်မယ့် ပိုးပွားကိုစမ်းသပ်နေပါတယ်။

ဒီစီမံကိန်းကို ဂျော်ဂျီယာ အာကာသ သုတေသနအေဂျင်စီ၊ တီဘီလီစီ စီးပွားရေးနှင့် နည်းပညာတက္ကသိုလ်နှင့် အာကာသအတွင်း စိုက်ပျိုးရေးကုမ္ပဏီတို့ကလည်း ပါဝင်ပူးတယ်လို့ သိရပါတယ်။
MDN
ကိုးကား - AFP