ရန်ကုန် ဇူလိုင်  ၃

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၏ စီစဉ်မှုဖြင့် ဝန်ထမ်းများ အင်္ဂလိပ်စာအသုံးအနှုန်း မှန်ကန်ရေးနှင့် အသံထွက်မှန်ကန်ရေး၊ လုပ်ငန်းခွင်၌ အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိရန်နှင့် စွမ်းဆောင်ရည်မြင့်မားရေး စသည့် အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကောင်းမွန်စေရန်ရည်ရွယ်၍ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၃ ရက် နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ဆရာဦးခင်မောင်အေးက Vocabulary Building, Communication Grammar, Reading Comprehension, Translation စသည့် သင်ကြားပို့ချပေးမည့် သင်ခန်းစာ အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ယနေ့ဖွင့်လှစ်သည့် သင်တန်းသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးမှ သင်တန်းသား ၁၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၃ ပတ်ဖြစ်ပြီး အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလင်းမြင့်၊ ထုတ်လုပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဌေး၊ သက်ဆိုင်ရာဌာနခွဲများမှ တာဝန်ရှိသူများ၊ သင်တန်းဆရာနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အောင်မြင့်(ပြန်/ဆက်)