၁၈ စက်တင်ဘာ

 

 

အင်္ဂလန် အရှေ့မြောက်ပိုင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူများလာတဲ့အတွက် အဲဒီဒေသမှာ နေထိုင်တဲ့လူ နှစ်သန်းကျော်ဟာ တားမြစ်ချက်တွေအောက်မှာ နေထိုင်သွားရတော့မှာ ဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်း ဖြစ်လာနိုင်တဲ့အတွက် ကြာသပတေးနေ့ သန်းခေါင်ယံကစပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ စတင် အသက်ဝင်ကြောင်း အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။

 

 

အင်္ဂလန် အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဒေသခြောက်ခုမှ ဒေသခံတွေဟာ တစ်အိမ်နဲ့ တစ်အိမ် အလည်သွားရောက်ခြင်းနဲ့ အိမ်တွေရဲ့ ပန်းခြံတွေထဲမှာ တွေ့ဆုံခြင်းပါ တားမြစ်လိုက်ခြင်း၊ စားသောက်ဆိုင်များမှာလည်း သတ်မှတ်ထားတဲ့ စားပွဲခုံများတွင်သာ စားသောက်ခွင့်ရှိခြင်း၊ ဘုံဆိုင်တွေနဲ့ ဘားတွေကို ည ၁၀ နာရီအထိသာ ဖွင့်ခွင့်ရှိခြင်း စတဲ့ စည်းမျဉ်းသစ်တွေနဲ့ တားမြစ်လိုက်ပါတယ်။

 

 

ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး အင်္ဂလန်နိုင်ငံ တစ်ခုလုံးမှာ လူ ၆ ဦးထက်ပိုပြီး စုဝေးခွင့် မရှိကြောင်း စည်းမျဉ်းပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။

 

 

ဝန်းကြီးချုပ် ဂျွန်ဆင်က နိုင်ငံသားတွေအား ဒုတိယလှိုင်းကို ရပ်တန့်အောင် အစိုးရက ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းအသစ်တွေကို လိုက်နာဖို့ လိုအပ်ကြောင်းနဲ့ အခုလို လုပ်ဆောင်ခြင်းအားဖြင့် ခရစ္စမတ် အချိန်မှာ ပျော်ရွှင်နိုင်မှာဖြစ်ကြောင်း ပြောပါတယ်။

 

 

ဒီသီတင်းပတ် အတွင်းမှာ လူပေါင်း ၁၈,၃၇၁ ဦးမှာ ဗိုင်ရင်းပိုး တွေ့ရှိခဲ့ရာ ပြီးခဲ့တဲ့ သီတင်းပတ်ကထက် ၇၅ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၄၂,၀၀၀ ဦးနီးပါး သေဆုံးခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား- AFP