၂၂ ဧပြီ
နွေရာသီဈေးကွက်အတွင်းမှာ မန်ယူအသင်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတဲ့ အင်္ဂလန်ကစားသမား သုံးဦးကို နွေရာသီ ဈေးကွက်ဖွင့်ချိန်မှာ အရောက်ခေါ်ယူသွားဖို့ အလန်ရှီးယားက မန်ယူအသင်းကို တိုက်တွန်းထားပါတယ်။
မန်ယူအသင်းအနေနဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျာဒန်ဆန်ချို၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အက်စ်တွန်ဗီလာ ကွင်းလယ်ကစားသမား ဂျက်ဂရီယယ်လစ်ရှ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး အဲဒီ ကစားသမား သုံးဦးစလုံးဟာလည်း လက်ရှိအသင်းတွေ၌ အနာဂတ်မှာဆက်ရှိဖို့ မသေမချာ ဖြစ်နေတာလည်း ဖြစ်ပါတယ်။
ဟယ်ရီကိန်းနဲ့ ဂျက်ဂရီ ယယ်လစ်ရှ်တို့ဟာ စပါးအသင်းနဲ့ အက်စ်တွန်ဗီလာအသင်းတို့မှာ ဆက်နေဖို့ ဆန္ဒမရှိတဲ့အပြင် ဂျာဒန်ဆန်ချိုကလည်း ဒေါ့မွန်အသင်းကနေ အင်္ဂလန်ကို ပြောင်းရွှေ့လာဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
မန်ယူအသင်းနည်းပြ ဆိုးရှားက လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးအခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြားထားပေမယ့် ဘလက်ဘန်းအသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ လက်ရှိပစ်မှတ်ထားနေတဲ့ ကစားသမားသုံးဦးစလုံးကို မန်ယူအသင်းအနေနဲ့ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းထားတာဖြစ်ပါတယ်။ ဒါ့ပြင် မန်ယူအသင်းအနေနဲ့ ထိပ်ဆုံးကို ပြန်လည်ရောက်ချင်တယ်ဆိုရင် ကစားသမားခေါ်ယူမှုမှာ ငွေကြေးသုံးစွဲသွားဖို့လည်း အလန်ရှီးယားက ပြောကြားထားတာဖြစ်ပါတယ်။
ငွေကြယ်