စက်တင်ဘာ ၁၄

အင်္ဂလန်နိုင်ငံတွင် အသက် ၁၂ နှစ်မှ ၁၅နှစ်အရွယ်ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု စတင်ရန် စီစဉ်ထားသည်။

ဗြိတိန်ဆေးဘက်ဆိုင်ရာအကြီးအကဲက ဆောင်းရာသီတွင် ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရန်နှင့် ပညာသင်ကြားရာတွင် ရောဂါကူးစက်မှုလျှော့ချရန် ထိုအသက်အရွယ်အုပ်စုအား ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပေးသင့်ကြောင်း ယမန်နေ့က ပြောကြားသည်။

ဗြိတိန်ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က ထိုအကြံပြုချက်ကို လက်ခံသည်ဟု ယမန်နေ့ကဆိုသည်။

မိဘ(သို့မဟုတ်) အုပ်ထိန်းသူများက ကာကွယ်ဆေးထိုးနှံရန်ခွင့်ပြုသည့် ကလေးများအား  လာမည့်သီတင်းပတ်မှစတင်ကာ စာသင်ကျောင်းများ၌ Pfizer ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်သည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို