ရန်ကုန် ၂၉ နိုဝင်ဘာ
မြန်မာနိုင်ငံမှ အင်္ဂလန်နိုင်ငံသို့ အချိန်ခြောက်လကျော်ကို မိုင်ပေါင်း ၃၀ဝ၀ ကျော်ကို ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သည့် စိုင်းဇွန်ဖနှင့် ကိုအောင်ကျော်ဝင်းတို့နှစ်ဦးသည် နိုဝင်ဘာ ၃၀ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
စိုင်းဇွန်ဖနှင့် ကိုအောင်ကျော်ဝင်းတို့နှစ်ဦးသည် မြန်မာနိုင်ငံမှ အင်္ဂလန်နိုင်ငံသို့ မော်တော် ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သည့်ခရီးစဉ်ကို ပြီးခဲ့သည့် မေ ၂၆ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ် ၂၆ ရက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
စိုင်းဇွန်ဖနှင့် အောင်ကျော်ဝင်းတို့သည် စက်တင်ဘာ ၂၆ရက်က ပြန်လည်ထွက်ခွာလာခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ၊ စပိန်နိုင်ငံ၊ အီတနိုင်ငံ၊ဆွစ်ဇာလန်နိုင်ငံ၊ သြစတြီးယား၊ ခရိုအေးရှား၊ ဟန်ဂေရီ၊ ဘူလ် ဂေးရီးယား၊ ဂရိ၊ တူရကီ၊ အီရန်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ဖြတ်ကျော်ခဲ့ခြင်းဖြစ်သည်။
စိုင်းအောင်ဖနှင့် အောင်ကျော်ဝင်းတို့သည် နိုဝင်ဘာ ၃၀ရက်တွင် နီပေါလ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ညနေ ၃ နာရီတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားဦးခိုက်ပြီးလျှင် ပြည်လမ်းပေါ်ရှိ ပြည်သူ့ရင်ပြင်ရှေ့တွင် ပန်းဝင်မည်ဖြစ်သည်။
စိုင်းအောင်ဖနှင့် အောင်ကျော်ဝင်းတို့၏ မြန်မာနိုင်ငံမှ ဗြိတိန်ခရီးရှည်ဆိုင်ကယ်စီးနင်းသည့် ခရီးစဉ်ကို Motourlogue နှင့် MPRL E&P Pte Ltd တို့က အဓိကကူညီပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MDN