အင်ဂျန်းယန် ၈  ဇူလိုင်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့၌ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းများသော အမှတ်(၄) ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ငှက်ဖျားရောဂါပိုးရှိ/ မရှိ (တတိယအကြိမ်) စစ်ဆေးခြင်းကို ဇူလိုင် (၇)ရက်နေ့ နံနက် (၇) နာရီတွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန် ဒေါက်တာ စိုင်းကောင်းစံ ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများနှင့် NGO အသင်းအဖွဲ့အစည်းဖြစ်သော Health Poverty Action (HPA) တို့ပူးပေါင်း၍ အဖွဲ့ (၄)ဖွဲ့ခွဲကာ တစ်အိမ်တက်ဆင်း အိမ်တိုင်ယာရောက် ဒေသခံပြည်သူများကို (တတိယအကြိမ်) သွေးဖောက် စစ်ဆေးခြင်း၊ Microscope ဖြင့် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ရောဂါပိုးတွေ့ရှိသည့် လူနာများအား ကျန်းမာရေး ကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိပြီး ဆေးစိမ်ခြင်ထောင် များနှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်ဆက်