အင်္ဂပူ စက်တင်ဘာ ၂၁
အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ( Community Center) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာတို့ ပူးပေါင်းပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးTalk Show ပြုလုပ်မှုကို Online မှတစ်ဆင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးTalk Show အစီအစဉ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်ခန့်ကျော်မှ မသန်စွမ်းသူများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှုများ၊အား ရှင်းလင်းပြောကြားခဲ့သည်။
အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာ ဗဟုသုတများရရှိစေရေးအတွက် Online မှတစ်ဆင့် အသိပညာပေး Tank Show အစီအစဉ်များ ပြုလုပ်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်သီသီရှိန်ထံမှ သိရသည်။
မန်းကျော်-(ပြန်/ဆက်)