မြန်အောင် ဖေဖော်ဝါရီ ၁၃

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ သက္ကယ်ပြင်(သံ)ကျေးရွာ၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ  အဆိုပါကျေးရွာနေ ဦးသန်းလွင်ဦး နေအိမ် (သွပ်မိုး၊ ထရံကာ၊ ဝါးခင်း) မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး အနီးရှိ လူနေအိမ်(၁၄)လုံး ကူးဆက်လောင်ကျွမ်းခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ကျေးရွာပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲတွင် မီးငြှိမ်းခဲ့‌ကြောင်းနှင့် မီးလောင်မှုကြောင့် လူနေအိမ်(၁၄)လုံး မီးလောင်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

 

မန်းကျော် (ပြန်/ဆက်)