အင်္ဂပူ  ၇   ဇွန်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ စီစဉ်မှုဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အင်္ဂပူမြို့ နယ်အတွင်းရှိ‌ ဒေသအရန်မီးသတ်တပ်ဖွဲ့များသို့ အပေါ့စား ရေစုပ်စက် ၄ လုံးနှင့် ‌ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

 

ပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က အမှာစကားပြောကြားခဲ့ပြီး အပေါ့စားရေစုပ်စက်များကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ် ဦးစီးမှူး ဦးတင်မောင်ထွေးက ရေစုပ်စက်များကိုင်တွယ် အသုံးပြုမှုနှင့်ထိန်းသိမ်း‌စောင့် ရှောက်ခြင်းလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဘုရားကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦး‌နွယ်စိုးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

အဆိုပါ ပေးအပ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကျေးအုပ် ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အပေါ့စား ရေစုတ်စက်များအား မြို့နယ်အတွင်းရှိ ဇောင်းတန်းကျေးရွာ၊ ကြို့ပင်ကျေးရွာအုပ်စု၊ ညောင်ကျိုး‌ဒေသနှင့် ငှက်ပျောတောကျေးရွာတို့ မှ ဒေသခံ အရန်မီးသတ်တပ်ဖွဲ့များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)