အင်္ဂပူ၊ ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဧပြီ ၂၆ ရက် ညနေပိုင်းက အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတို့တွင် ဖြစ်ပွားခဲ့သည့် မီးဘေးနှင့် လေဘေးသင့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချမ်းမြေ့တို့မှ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု ဓမ္မင်းကျွန်း(ရ)ကျေးရွာတွင် ဧပြီ ၅ ရက်က ဖြစ်ပွားခဲ့သော မီးဘေးသင့်သစ်အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၀၂၁၀ဝ ကိုလည်းကောင်း၊ ခြောက်ရွာကျေးရွာအုပ်စု ကျုံပိုကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတို့တွင် ဧပြီ ၇ ရက်က လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သော လူနေအိမ်(၄)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၄၅၁၅၀ဝ ကိုလည်းကောင်း၊ ခြောက်ရွာကျေးရွာအုပ်စု ကျုံပိုကျေးရွာတွင် ဧပြီ ၉ ရက်က ဖြစ်ပွားသော လေဘေးကြောင့်ပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေကျပ် ၅၄၇၀ဝ ကိုလည်းကောင်း၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု နံကပ်ကြီးကျေးရွာတွင် ဧပြီ ၂၅ ရက်ကဖြစ်ပွားသော လေဘေးကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေကျပ် ၆၂၆၀ဝ နှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မန်းကျော် (မြို့နယ် ပြန်/ဆက်)