အင်္ဂပူ နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ၂၀၂၁-၂၀ ၂၂ ခုနှစ် မြို့နယ်ကိုယ်စားပြု မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို အောက်ရွာကြီးကျေးရွာအုပ်စု အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ကွင်းအမှတ်(၇၆၀) ဦးပိုင်အမှတ် (၁၇၂/၂)ရှိ တောင်သူ
ဦးကိုမြင့် လယ်ယာမြေတွင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်စန်းနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး ဆင်းသုခစပါး (၁)ဧက ရိတ်သိမ်းရာတွင် ပျမ်းမျှစပါး အစို ၁၃၂ ဒသမ ၅ တင်းနှင့် စပါးအခြောက် ၁၂၇ ဒသမ ၄၁ တင်း ထွက်ရှိခဲ့သည်။ အင်္ဂပူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၁၇၅၁၂ စိုက်ပျိုးခဲ့ပြီး နွေစပါး စိုက်ပျိုးချိန်တွင် ၂၂၇၆၅ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)


