အင်္ဂပူ ဧပြီ ၈

 

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ရပ်ဝေးမှ မြို့နယ်အတွင်းလာရောက် တာဝန်ထမ်းဆောင်ကြသည့် ပညာရေးဝန်ထမ်းများအား စားအုန်းဆီများ အခမဲ့ပေးအပ်လှူဒါန်းခြင်းကို မြို့နယ်ပညာရေးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံတို့က ရပ်ဝေးမှလာရောက်တာဝန်ထမ်းဆောင်ကြသော ပညာရေးဝန်ထမ်း ၆၈ ဦးတို့အား တစ်ဦးလျှင်စားအုန်းဆီ ၅၀ သားနှုန်းဖြင့် အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)