အင်္ဂပူ   နိုဝင်ဘာ   ၂၃

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်‌ရေးကော်မတီမှ အလှူရှင် (ASE AN AHA CENTER)မှ လှူဒါန်းသော Oxygen Concentrator နှင့် ဆလင်ဒါများ ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီက အင်္ဂပူမြို့ ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမ၌ ပြုလုပ်သည်။

 

ထို့နောက် အလှူရှင် ASEAN AHA CENTER မှ လှူဒါန်းသော Oxygen Concentratorနှင့် ဆလင်ဒါများကို တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မန်းကြည်ရွှင်က ပေးအပ် လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးပပစိုးရည်က လက်ရယူသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြက်မှုကော်မတီ ဥက္ကဋ္ဌ မန်းကြည်ရွှင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အင်္ဂပူမြို့နယ်တွင် အသုံးပြုရန်အတွက် Oxygen Concentrator (၁၀)လုံးနှင့် ဆလင်ဒါ(၄)လုံး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မန်းကျော်(ပြန်/ဆက်)