အင်္ဂပူ၊ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ကံကော်လမ်းဆုံနှင့်မြို့မဈေးတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မပေါ်ပေါက်စေရေး အတွက် နှာခေါင်းစည်း(Mask)များ (အခမဲ့)ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်းများ(အခမဲ့)ဖြန်ဝေခြင်းကို အင်္ဂပူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး ဦးဆောင်သောမြို့ နယ်အဆင််ဌာနဆိုင်ရာ အကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ကံကော်လမ်းဆုံနှင့် မြို့မဈေးတို့တွင် အကြောင်းအမျိုးမျိုးဖြင့်နေအိမ်ပြင်ပသွား လာနေသူများအား အပြင်ထွက်လျှင်မဖြစ်မနေ အကာအကွယ် (Mask) တပ်ဆင်သွားလာရေး၊ နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြစေရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


