အင်္ဂပူ၁၀ ဇွန်


ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၌ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း နေအိမ်ပြင်ပသွားလာသူများအား Mask တပ်ဆင်သွားလာရေး ကြပ်မတ်စစ်ဆေးခြင်း ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များမှ ယ‌နေ့ နံနက်ပိုင်းက ဆိပ်ကမ်းသာလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဆောင်ရွက်ရာတွင် အင်္ဂပူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဝင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များက ဆိပ်ကမ်းသာလမ်းဆုံတွင် အကြောင်းအမျိုးမျိုးဖြင့်နေအိမ်ပြင်ပ သွားလာနေသူများအား မဖြစ်မနေအကာအကွယ် Mask တပ်ဆင်သွားလာရေး၊ Mask တပ်ဆင်ရာတွင် လည်း နည်းစနစ် မှန်ကန်စွာ တပ်ဆင်ရေးနှင့်Mask မပါရှိဘဲ နေအိမ်ပြင်ပသွားလာသူများအား Mask များ "အခုဝယ်အခုတပ်"စနစ်ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

မန်းကျော်(ပြန်/ဆက်)