အင်္ဂပူ ၂၉ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဟင်္သာတမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းပြုလုပ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း အမှတ်စဉ်(၃/၂၀၁၉) လက်သမား၊ ပန်းရံ၊ သံချည်သံကွေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အင်္ဂပူမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမင်းမင်းခိုင်နှင့် ဟင်္သာတမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဌေးမြင့်တို့က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်သား၊ သင်တန်းသူများအား ဟင်္သာတမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဌေးမြင့်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ ဆုရသင်တန်းသားနှင့် သင်တန်းသူများက လက်ခံရယူခဲ့ပြီး သင်တန်းသားတစ်ဉီးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဌေးမြင့်နှင့် နည်းပြဆရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးနှင့် ဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၂၅)ဦးတို့အား ပန်းရံ၊ လက်သမားနှင့် သံချည်သံကွေးပညာများကို စာတွေ့လက်တွေ့ ၁၅ ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
မန်းကျော် (ပြန်/ဆက်)


