အင်္ဂပူ ၁၂ အောက်တိုဘာ
အင်္ဂပူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ ထားရှိဆေးဝါးကုသနိုင်ရေးအတွက် အင်္ဂပူမြို့သာသနာ့ ဗိမာန်တော်တွင် ယာယီ ဆေးရုံဖွင့်လှစ် ဆေးဝါးကုသနိုင်ရေးစီစဉ်ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာယီဆေးရုံဖွင့်လှစ်နိုင်ရေးအတွက် အင်္ဂပူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ စီမံဆောင်ရွက်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟ ဦးဆောင် သော တာဝန်ရှိသူများက ယာယီဆေးရုံပြုလုပ်မည့် သာသာနာ့ဗိမာန်တော်တွင် လူနာများထားရှိနိုင်ရေး အတွက် လိုအပ်သော အစီအမံများ ဆောင်ရွက်နိုင်ရေးစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အင်္ဂပူမြို့နယ်တွင် ယာယီဆေးရုံတစ်ခုကို သာသနာ့ ဗိမာန်တော်တွင် ဖွင့်လှစ်ရန်စီမံဆောင်ရွက်လျက်ရှိပြီး လူနာ(၂၅) ဦးခန့်ထားရှိကာ ဆေးဝါကုသပေးနိုင် ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ထံမှသိရသည်။
မန်းကျော်(ပြန်/ဆက်)


