အင်္ဂပူ ၁၃  ဇူလိုင်

 

အင်္ဂပူမြို့ အမှတ်၂ရပ်ကွက် အတွင်းရှိ ရွှေဆံတော်ဘုရားဝန်း အတွင်း၌ ယနေ့နံနက်ပိုင်းက မြို့နယ်မွေးမြုရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဇာနည်အောင် ဦးဆောင်သော တာဝန်ရှိသူများမှ အမှတ်(၂)ရပ်ကွက် အတွင်းရှိ ခွေး(၅၃)ကောင်ခန့်အား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

 

အင်္ဂပူမြို့နယ် မွေးမြုရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ခွေးရူးပြန်ကာကွယ်ဆေး အလုံး ၁၅၀ ရရှိပြီး မြို့နယ်အတွင်းရှိပြည်သူများ ခွေးရူးရောဂါအန္တရာယ် ကင်းဝေးစေရေး၊‌ ခွေးရူးရောဂါ မဖြစ်ပေါ်စေ‌ရေး၊‌ ခွေးရူးရောဂါသည် ခွေးနှင့်ကြောင်များမှတစ်ဆင့် လူသို့ကူးဆက်တတ်‌သောရောဂါဖြစ်ပြီး ခွေးရူးရောဂါကူးဆက်ခံရပါက အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်နိုင်သည့်အတွက် မြို့ပေါ်ရပ်ကွက်နှင့် ဘုန်ကြီး ကျောင်းများရှိ ခွေးများ၊ ကြောင်များကို ရောဂါကာကွယ် ဆေးများ‌ အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာဇာနည်အောင် ထံမှ သိရသည်။

 

မန်းကျော် (ပြန်/ဆက်)